နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင် တက်ရောက်

​(၂၅-၁၀-၂၀၂၄၊ ကတ္တမန္ဒူးမြို့)

နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigel ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် နီပေါတပ်မတော်မှ ကြီးမှူးပြုလုပ်သည့် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် (၂၀၂၄ ခုနှစ်) အခမ်းအနားသို့ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နီပေါဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ်တို့က အထိမ်းအမှတ် စကားများ ပြောကြားခဲ့ပါသည်။ နီပေါတပ်မတော်သည် ကုလသမဂ္ဂ၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာ့တိုက်ကြီး (၄)တိုက်ရှိ နိုင်ငံပေါင်း (၄၁)နိုင်ငံ၏ ငြိမ်းချမ်းရေးစခန်း (၅၂)ခုတွင် နီပေါငြိမ်းချမ်းရေးတပ်သားများ အများဆုံး စေလွှတ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အမျိုးသမီး ငြိမ်းချမ်းရေးတပ်သားအင်အားတွင်လည်း အများဆုံးပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ နီပေါတပ်မတော်မှ အရာရှိကြီး များ၊ နီပေါနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
သံအမတ်ကြီးသည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် နီပေါလက်မှုပညာအသင်းများအဖွဲ့ချုပ် (FHAN) မှ စီနီယာဒုဥက္ကဋ္ဌဖြစ်သူ Mr. Sanam Shakya နှင့်အဖွဲ့အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး FHAN အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း နိုင်ငံတကာမှ လက်မှုပညာများ ပါဝင်ပြသနိုင်ရေး စီစဉ်ထားရှိကြောင်းနှင့် မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူများလည်း ဖိတ်ခေါ်လို ကြောင်း ဆွေးနွေးမှုအပေါ် ဆက်လက်ပေါင်းစပ်ညှိနှိုင်းပေးနိုင်မည့် အခြေအနေကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
သံအမတ်ကြီးသည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နီပေါဂီတအဖွဲ့နှင့် the GLOMUS Network တို့မှ ဦးစီးကျင်းပပြုလုပ်ခဲ့သည့် GLOMUS Festival ဂီတနှင့် အကပဒေသာဖျော်ဖြေပွဲသို့ နီပေါ သာသနာရေး၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး အပါအဝင် နီပေါ အခြေစိုက် နိုင်ငံခြားသံရုံးများမှ အကြီးအကဲများ၊ ပွဲတော်တွင် ပါဝင်သည့် နိုင်ငံအသီးသီးမှ ဂီတပညာရှင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ GLOMUS Festival သည် နိုင်ငံများအကြား ဂီတမှတစ်ဆင့် ချစ်ကြည် ရင်းနှီးမှုကို ပေါင်းစည်း ပေးသည့်ပွဲတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။
နီပေါ Army Command and Staff College တွင် ဖွင့်လှစ်လျက်ရှိသည့် Command and Staff Course အမှတ်စဉ်(၃၁) တွင် မြန်မာနိုင်ငံမှ သင်တန်းတက်ရောက်နေသည့် အရာရှိတစ်ဦး၏ Country Presentation ကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ မြန်မာသံရုံးမှ သံရုံးဒုတိယ အကြီးအကဲ ဦးခင်အောင်ဝင်းနှင့် သံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။

Ambassador of Myanmar to Nepal attends the United Nations Day Celebration

(25-10-2024, Kathmandu)

At the invitation of Nepal Chief of Army Staff, General Ashok Raj Sigdel, on 24th October 2024, Myanmar Ambassador to Nepal, U Myo Myint Maung, attended the United Nations Day Commemoration Ceremony. During the ceremony, Prime Minister and the Chief of Army Staff delivered commemorative speeches. It is learnt that Nepal Army is one of the active countries in the UN missions, the largest contributing troops in UN peacekeeping mission in 52 Missions in 41 Countries across 4 Continents and largely deploys female peacekeepers. The ceremony was also attended by officials from the Ministries, Senior Officials from the Nepal Army, heads of foreign missions based in Kathmandu, along with representatives from various United National Organizations and international organizations.
On the 23rd October 2024, Myanmar Ambassador received Senior Vice President, Mr. Sanam Shakya and his team from the Federation of Handicraft Associations of Nepal (FHAN) at the Embassy. During the meeting, Myanmar Ambassador will liaison with the concerned Ministries about the discussion of upcoming international handicraft exhibition organized by FHAN in the first week of December 2024 and inviting to participants from Myanmar on the upcoming event.
Earlier, on October 20, 2024, Myanmar Ambassador attended the GLOMUS Festival hosted by the Nepal Music Center and the GLOMUS Network, featuring music and dance performances. The event was attended by Minister for Culture, Tourism, and Civil Aviation of the Government of Nepal along with heads of foreign missions based in Kathmandu and International Musicians. The GLOMUS Festival serves as an event fostering unity and friendship through music across nations.
Additionally, on the 23rd of October 2024, Deputy Chief of Mission, U Khin Aung and officials from the Myanmar Embassy participated in the Country Presentation made by officer from Myanmar who is attending the Command and Staff Course (No. 31) opened in Army Command and Staff College of Nepal.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)