နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး Sagarmatha Sambaad (Mt. Everest Summit) ဆွေးနွေးပွဲ နှင့် Ambassador Club ဖွင့်ပွဲအခမ်းအနား တက်ရောက်
( ကတ္တမန္ဒူး၊ မေလ ၂၀ ရက်)
နီပေါနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကတ္တမန္ဒူးမြို့၌ ကျင်းပပြုလုပ်သည့် Sagarmatha Sambaad (Mt. Everest Summit) ဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို နီပေါနိုင်ငံဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီက ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အိန္ဒိယနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး အပါအဝင် နိုင်ငံပေါင်း ( ၁၂) နိုင်ငံက ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ နီပေါနိုင်ငံအခြေစိုက် သံတမန်အသိုက်အဝန်း ကိုယ်စားလှယ်များနှင့် နီပေါပြည်သူမှ တက်ရောက်သူ (၁၇၀) ကျော် အပါအဝင် စုစုပေါင်း (၃၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ သံအမတ်ကြီးသည် မေလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Parallel Session အချို့ကိုလည်း တက်ရောက်ခဲ့ပါသည်။
မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တာ ကျင်းပသည့် အဆိုပါဖိုရမ်တွင် ဆက်စပ် ဆွေးနွေးပွဲပေါင်း (၁၂) ခုကို ပြုလုပ်ခဲ့ပြီး၊ ဆွေးနွေးပွဲ ရလဒ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် အချက် (၂၅) ချက်ကို သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။
သံအမတ်ကြီးသည် မေလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်သည့် နီပေါနိုင်ငံအခြေစိုက်၊ သံတမန် အသိုက်အဝန်းမှ သံအမတ်ကြီးများ ကလပ် (Ambassador’s Club) နှင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်း ဆွေးနွေးမှု (International Relations and Global Diplomacy Dialogue-IRGDD) စတင်ထူထောင်သည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ သံအမတ်ကြီးများ ကလပ် နှင့် IRGDD သည် သံတမန်အဖွဲ့အစည်းများ၊ နီပေါ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှု အသိုက်အဝန်းများအကြားတွင် အကျိုးဖြစ်ထွန်းစေသော ကိစ္စရပ်များကို Track II engagement အဖြစ် လုပ်ဆောင်နိုင်ရန် လမ်းခင်းပေးထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားတွင် နီပေါနိုင်ငံ သံတမန်အသိုက်အဝန်းအတွက် ပထမဆုံး ထုတ်ဝေသည့် “The Diplomat Nepal” မဂ္ဂဇင်း စတင်ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Myanmar Ambassador to Nepal attends Opening of Sagarmatha Sambaad (Mt. Everest Summit) and Ambassador’s Club in Kathmandu
(Kathmandu၊ 20 May)
Myanmar Ambassador to Nepal, H.E. U Myo Myint Maung attended the Opening Ceremony of the Sagarmatha Sambaad (Mt. Everest Summit) on the morning of May 16 in Kathmandu. Rt. Honorable Mr. K.P. Sharma Oli, Prime Minister of Nepal, officially opened the inaugural ceremony and also delivered the opening address. Over (350) attendees including the distinguished foreign high-level delegates; Vice Chairman of the Standing Committee of the 14th National People’s Congress of China; Minister of Environment, Forest and Climate Change of India, as well as delegates from twelve countries, Cabinet members of Nepal, members of the diplomatic corps based in Nepal, and over (170) Nepali citizens participated in the event. Ambassador joined several parallel sessions on May 17.
The forum featured a total of 12 thematic discussion sessions during three-day period from May 16 to 18. As a result of these discussions, 25 key action points to be implemented was reached.
On the afternoon of May 18, the Ambassador attended the commemorative ceremony marking the establishment of the Ambassador’s Club- comprised of the diplomatic corps based in Nepal-and the launch of the International Relations and Global Diplomacy Dialogue (IRGDD).
The Ambassador’s Club and IRGDD are envisioned as platforms for Track II diplomacy, fostering meaningful dialogue and collaboration among members of the diplomatic corps, senior officials from Nepal’s Foreign Ministry, representatives of the private sector, non-governmental organizations, and civil society stakeholders. These initiatives aim to facilitate mutual understanding and promote cooperative efforts on matters of shared interest.
The event also witnessed the official launch of the inaugural edition of The Diplomat Nepal magazine- the first publication dedicated to the diplomatic community in Nepal.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
