နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအား မြန်မာသံရုံး (ကတ္တမန္ဒူး)က ကြိုဆို
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်)
နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အမျိုးသမီး ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းသည် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ သို့ ယမန်နေ့ညပိုင်းက ရောက်ရှိလာရာ မြန်မာသံရုံး (ကတ္တမန္ဒူး)မှ သံအမတ်ကြီး ဦးမျိုးမြင့်မောင် နှင့် သံရုံးဝန်ထမ်းမိသားစုများက လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ကတ္တမန္ဒူးမြို့တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်နီပေါနိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ လက်ဘနွန် နိုင်ငံတို့နှင့်အတူ မြန်မာအသင်းက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးနိုင်ငံ အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ကာ အမှတ်အများဆုံးရရှိသည့် (၂)သင်းသည် ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းသည် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် လက်ဘနွန်အသင်း၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကာဂျစ်စတန်အသင်း၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် အိမ်ရှင်နီပေါအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုများကို မြန်မာသံရုံး(ကတ္တမန္ဒူး)မှ သံရုံးဝန်ထမ်းမိသားစုများနှင့် မြန်မာအသင်းကို ချစ်မြတ်နိုးကြသည့် ဒေသခံနီပေါပြည်သူများက ကြည့်ရှုအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Myanmar Women’s National Football Team welcomed by Myanmar Embassy in Kathmandu for invitation Tournament in Nepal
(15-2-2025, Kathmandu)
The Myanmar Women’s National Football Team has arrived in Kathmandu, Nepal to participate in the Women’s Invitation Football Tournament hosted by Nepal. The team was warmly welcomed by His Excellency U Myo Myint Maung, Myanmar Ambassador to Nepal and members of the Embassy at the Tribhuvan International Airport in Kathmandu on 14th February 2025 in the evening.
The tournament will be held in Kathmandu from 17th February to 26th February 2025. The Myanmar Women’s National Football Team will commence its campaign against Lebanon on 17th February, Kyrgyzstan on 20th February, host nation Nepal on 23rd February 2025 in a round-robin fixtures. The top two teams with the highest points will advance to the final, which is scheduled for 26th February.
Officials from the Myanmar Embassy in Kathmandu, along with local football enthusiasts and supporters who admire the Myanmar team, will attend the matches to cheer up for the players.
မြန်မာသံအမတ်ကြီးမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း နည်းပြနှင့် အုပ်ချုပ်သူတို့အား ကြိုဆိုနှုတ်ဆက်စဉ်
Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)