နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကျင်းပ
(၃-၁၂-၂၀၂၄ရက်၊ နေပြည်တော်)
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အောင်နိုင်ရေးအလံ၊ အားကစားပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ပွဲအခမ်းအနား အား ၃-၁၂-၂၀၂၄ ရက် (အင်္ဂါနေ့) ညနေ ၁၆:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးလွင်ဦး၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ အမြဲတမ်း အတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားအသင်း ခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးများက အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် စိတ်ဓါတ်ခံယူ ချက်မြင့်မားရေး၊ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ အားကစားသမားအချင်းချင်း စည်းလုံးညီညွတ်မှုရှိကြရန်၊ မိမိတို့ ဝန်ကြီးဌာနအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများက အားကစားအသင်းများအလိုက် တာဝန်ခံ အရာရှိများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားပြု ဂေါက်သီးရိုက် အားကစားအသင်းနှင့် အမျိုးသား ဖူဆယ်ဘောလုံးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
19 October 2026
Dashain Festival (Nepal)
20 October 2026
Dashain Festival (Nepal)
21 October 2026
Dashain Festival (Nepal)
26 October 2026
Full Moon Day of Thadingyut (Myanmar)
27 October 2026
Full Moon Day of Thadingyut (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
