နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

(၂၃-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့ (United Nations Population Fund-UNFPA) ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူး Ms. Shoko Yasuda (Arakaki) အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ (၀၉:၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNFPA ၏ မြန်မာ နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။

Deputy Minister for Foreign Affairs receives Director of Humanitarian Response Division of UNFPA in Geneva

(23-10-2024, Nay Pyi Taw)

U Lwin Oo, Deputy Minister of the Ministry of Foreign Affairs of the Republic of the Union of Myanmar received Ms. Shoko Yasuda (Arakaki), Director of Humanitarian Response Division of the United Nations Population Fund (UNFPA) in Geneva at 09:30 hrs. on 23 October 2024 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they discussed the matters on existing cooperation between the Government of Myanmar and UNFPA, and future programme of UNFPA in Myanmar.
Also present at the meeting were the senior officials of the Ministry of Foreign Affairs and Representative of UNFPA to Myanmar.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776