နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ (၁၈) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
(၁၃-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ (၁၈) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၁၃-၁၁-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဇနီး ဒေါ်ခင်ဝင်းရီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(၁) ဦးလွင်ဦးနှင့် ဇနီး ဒေါ်မြင့်သန္တာ၊ ဒုတိယဝန်ကြီး(၂) ဦးကိုကိုကျော်နှင့် ဇနီး ဒေါ်မီမီခင်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန် မြောက်ကျောင်း သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တ ကောသလ္လနှင့် ပင့်သံဃာ (၄) ပါး၊ စုစုပေါင်း ပင့်သံဃာ (၅) ပါးတို့က ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များနှင့် အနုမောဒနာတရား များကို နာယူခဲ့ကြပြီးနောက် ဆရာတော်အရှင်သူမြတ်တို့ထံ ကထိန်သင်္ကန်းများ၊ နဝကမ္မ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
29 July 2026
Full Moon Day of Waso (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
