နိုင်ငံခြားရေးဝန်ကြီးဌာနမှ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် စိန်နားပန်မီးပုံးပျံဖြင့် လွှတ်တင်ပူဇော်ကာ ပါဝင်ယှဉ်ပြိုင်
(၁၃-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ကျင်းပပြုလုပ်သည့် မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့ညအခါသမယ၌ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများမှ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုလျက် စိန်နားပန် မီးပုံးပျံ ဖြင့် လွှတ်တင်ပူဇော်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
စိန်နားပန်မီးပုံးပျံ၏ အောက်ခံအရောင်ကို သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားပြည့်ဝခြင်း၊ စွမ်းအင်နှင့် ပြည့်စုံခြင်းဟူသောအဓိပ္ပါယ်ကို ဖော်ဆောင်သည့် အဖြူရောင်ကိုလည်းကောင်း၊ မီးပုံးပျံ အပေါ်ဘက်နှင့် အောက်ဘက်တို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံပါအရောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုအရောင်ဖြစ်သည့် ဝါ၊ စိမ်း၊ နီ၊ ပြာ အရောင်များဖြင့်လည်းကောင်း၊ မီးပုံးပျံတွင် ဖော်ပြပါရှိသည့် “နိုင်ငံခြားရေး” စာသားအား ဝန်ကြီးဌာနကိုယ်စားပြုပြီး ယုံကြည်ခြင်း၊ သစ္စာရှိခြင်း၊ တည်ငြိမ်အေးချမ်းခြင်း နှင့် ငြိမ်းချမ်းခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်သည့် အပြာရောင်ကိုလည်းကောင်း၊ မီးပုံးပျံ ၏ ကိုယ်ထည်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုသည့် လောကနတ်ပုံကိုလည်းကောင်း ဖော်ကျူးပုံဖော်ပြုလုပ်ထားခြင်းဖြစ်ပါသည်။
ထို့အပြင် မီးပုံးပျံ၏ အောက်ဘက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အင်္ဂလိပ်အမည် Ministry of Foreign Affairs ၏ အတိုကောက် MOFA ဟူသောစာတမ်းကိုလည်း ချိတ်ဆွဲထား ရှိပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်စဉ် ဝန်ထမ်းများက မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည့် ဦးရွှေရိုးနှင့် ဒေါ်မိုးအကကိုလည်း အိုးစည်ဒိုးပတ်ဝိုင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့အပြင် ဝန်ထမ်းများက ရောင်စုံမီးပုံးပျံသေး အလုံး (၁၀၀) ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
