ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) မှ Senior Fund Portfolio Manager ဖြစ်သူ Ms. Maria Izaskun Gaviria Ayucar အား လက်ခံတွေ့ဆုံ

(၂၀-၁၁-၂၀၂၄ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund to Fight AIDS, Tuberculosis and Malaria – Global Fund) မှ Senior Fund Portfolio Manager ဖြစ်သူ Ms. Maria Izaskun Gaviria Ayucar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ ၁၁၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ Global Fund က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ မြန်မာနိုင်ငံနှင့် Global Fund တို့အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ ကြကြောင်းသိရှိရပါသည်။

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Ms. Maria Izaskun Gaviria Ayucar, Senior Fund Portfolio Manager of the Global Fund in Geneva, Switzerland

(20-11-2024,Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Ms. Maria Izaskun Gaviria Ayucar, Senior Fund Portfolio Manager of the Global Fund to Fight AIDS, Tuberculosis and Malaria at 1100 hrs on 20 November 2024 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to Global Fund’s ongoing activities in Myanmar and discussed about enhancing cooperation between the Government of Myanmar and the Global Fund.
Also present at the meeting were senior officials of the Ministry of Foreign Affairs.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)