ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကမြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
(၇-၁-၂၀၂၅ ၊ နေပြည်တော်)
ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး များသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ၇-၁-၂၀၂၅ ရက်၊ အင်္ဂါနေ့၊ (၁၃:၃၀) နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်း ဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ အနေဖြင့် မိတ်ဆက်တင်ပြကြသည်။
ထိုသို့တင်ပြမှုများပြီးသည့်နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ ပြည်ပသို့သွားရောက် တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား သတ်မှတ်ရွေးချယ်စေလွှတ်ခြင်းခံရမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း၊ သံတမန်ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံးတာဝန်မှာ နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိရိုသေရန် မှာကြားလိုကြောင်း၊ သံတမန်တစ်ဦးသည် အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရား ရှိရှိဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိ တန်ဖိုးမြှင့် တင်နိုင်မည်ဖြစ်ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အား အနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရမှာဖြစ်သည့်အတွက် သံတမန်အရည်အသွေးများ တိုးတက်နေအောင်၊ ထက်မြက် နေအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ တစ်ဦးချင်းအလိုက် နေထိုင်ကျင့်ကြံရမည့် အပြုအမှုများ၊ ကြိုးစားအားထုတ်မှုများကို ဆင်ခြင်ဉာဏ်သုံး၍ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံအကြောင်းကို ကြိုတင်လေ့လာသွားရန် လိုအပ်ပြီး သိရှိမှသာ တာဝန်ထမ်းဆောင်မှုတွင် အဆင်ပြေချောမွေစေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြေမပျက် စောင့်ကြည့်နေရမှာဖြစ်ပြီး သံတမန်ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ နှစ်နိုင်ငံအကျိုးဖြစ် ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ရောက်ရှိသည့်နိုင်ငံတွင် မြင်တွေ့ရသည့် ဖြစ်ပေါ်တိုးတက်မှုများကို နမူနာ ယူ၍ အားသာချက်/အားနည်းချက်များကို သင်ခန်းစာယူတတ်ရန် လိုကြောင်း၊ သံတမန်ဖြစ်သည့် အတွက် Negotiation Skill ကောင်းမွန်ပြီး ကျွမ်းကျင်မှု ရှိရန်လိုကြောင်း၊ သံတမန်များ လိုက်နာ ရမည့် စည်းကမ်း၊ နေထိုင်သွားလာမှုများကို သတိပြုရန်ဖြစ်ကြောင်း၊ သံတမန်အခွင့် အရေးနှင့် ကင်းလွတ်ခွင့်များကို အကျိုးရှိရှိထိန်းသိမ်းဆောင်ရွက်ရန်နှင့် လွဲမှားစွာအသုံးမချရန် လိုအပ် ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မှန်ကန်သည့် ကြိုးစားအားထုတ်မှုဖြင့် အသိအမှတ်ပြု ဂုဏ်ပြုခံရအောင် ကြိုးစားရန်လိုအပ်ပြီး ကြိုးစားမှုအပေါ် မူတည်ပြီး နိုင်ငံတော်က ဘွဲ့ထူး ဂုဏ်ထူး/ဆုတံဆိပ်များ ချီးမြှောက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းအချင်းချင်း လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန် အလှန်အထောက်အကူပြုရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် မှာကြားလိုသည်မှာ သံတမန်တစ်ဦးအနေဖြင့် သံခင်းတမန်ခင်းကျွမ်း ကျင်မှုအပြင် ညှိနှိုင်းဆွေးနွေးမှု၊ နည်းနာကျွမ်းကျင်မှုနှင့် ဘာသာစကားများ ကျွမ်းကျင်မှုရှိအောင် ကြိုးစားကြရမှာဖြစ်ပြီး ကမ္ဘာသုံးဘာသာစကား၊ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကိုပါ တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူစေလိုကြောင်း၊ မိမိကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ပြီး ဌာန၏လုပ်ငန်းတာဝန်များ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဝန်ထမ်းများအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေလို ကြောင်း၊ အလုပ်တစ်ခုကို လုပ်ဆောင်မည်ဆိုပါက တစ်ဦးတစ်ယောက်အားထက် အများ၏စုပေါင်း အားဖြင့် ဆောင်ရွက်ရခြင်းသည် လုပ်ငန်းကို ပိုမိုထိရောက်ခရီးရောက်စေသည့်အတွက် ညီညွတ် မှုရှိကြရန် တိုက်တွန်းလိုကြောင်း၊ သံရုံးများတွင် လူအင်အားနည်းသည့်အတွက် ညီညွတ်မှုရှိမှ အလုပ်တွင်ကျယ်စေမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုကြောင်း၊ ဝန်ထမ်း များအနေဖြင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင် ကြပါစေကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
19 October 2026
Dashain Festival (Nepal)
20 October 2026
Dashain Festival (Nepal)
21 October 2026
Dashain Festival (Nepal)
26 October 2026
Full Moon Day of Thadingyut (Myanmar)
27 October 2026
Full Moon Day of Thadingyut (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
